ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၁၂)နာရီ မိနစ်(၃၀) အချိန်မှ နေ့လည် (၁) နာရီ မိနစ် (၃၀) အချိန်ထိ (Phase 5)Sinovac (2 Dose) First Dose ကိုထိုးနှံ ပေးခဲ့ရာယနေ့တွင် စုစုပေါင်း(၁၉၄)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက် အတွင်းသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊တောင်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့  မြေစိုက်နံရံကပ်ပြဘုတ်တွင်  အသိပညာပေးနံရံကပ်စာစောင်များ  လစဉ်အသစ် လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက်(၉)ရပ်  မှတ်တမ်းဓာတ်ပုံများကို ပြသထား ကြောင်းသိရသည်။

လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ကျောင်းများတွင် လွတ်လပ်ရေးနေ့ အကြို အားကစား ပြိုင်ပွဲများကို အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)ကျောင်းနှင့် ကျီစု ကျောင်းတို့တွင် ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

ကျောက်တံတားမြို့နယ်တွင် အသက်(၄၀)နှစ်အထက် ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၄၀)နှစ်အထက် ရှိသူများအား ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)ထိ Sinopharm (5 Dose) ပထမအကြိမ် ထိုးနှံပြီးသူများအား Second Dose ကို ထပ်မံထိုးနှံပေးခဲ့ရာ ယနေ့တွင် စုစုပေါင်း (၄၆၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါ့သရောက်ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် အိမ်ရှင်မများအတွက် ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသမီးများ အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်အသုံးပြုတတ်စေရန်အတွက် ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်းသိ ရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ် ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ(၆)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူ(၁)ဦး၊ အသစ်လဲလှယ်သူ(၁၈)ဦး၊ စုစုပေါင်း(၂၅)ဦးတို့အား ယနေ့နံနက် (၉)နာရီက ထောင်တလုပ်ရပ်ကွက်၊ အောင်သိဒ္ဓိဓမ္မာရုံတွင် စိတ်ကျန်းမာရေး ဆေးရုံဝန်ထမ်း မိသားစုများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန်(omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉မျိုးကွဲသစ် အိုမီခရွန်(omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ပဉ္စမအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို ယနေ့တွင် အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Subscribe to