မြန်အောင် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့က မြန်အောင်မြို့ နေခြည်ဈေးတွင် ပြည်သူများလက်ဝယ်အရောက် (အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြည်သူများ မူးယစ်ဆေးဝါး၏ဆိုးကျိုး အန္တရာယ်များအား သိရှိစေရန် ဖြန့်ဝေပေးခြင်းဖြစ်ပြီး အသိပညာပေးလက်ကမ်းစာစောင်တွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)၌ ပြောကြားသည့် အမှာ စကားမှ ကောက်နှုတ်ချက်ဖြစ်သော "ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းကာကွယ်လျက်ရှိ” မိန့်ခွန်း၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါး၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်း ချုပ်ရေးမူဝါဒ၊ မဟာဗျုဟာ(၂)ရပ်၊ နည်းဗျုဟာ(၃)ရပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မင်းသန်းနိုင် (မုဒုံ) ရေးသားသော "ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်" ကဗျာနှင့် ကာတွန်းစတဲ့အချက်များအား အသိ ပညာပေးဖော်ပြထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)