ကော့ကရိတ် ဇွန် ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအားဆုချီးမြှင့်ပေးပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့သည်။
ဆုပေးပွဲအခမ်းအနားတွင် ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းဝေက အဖွင့် အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ် ချက်နှင့် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်အား ရှင်းလင်းပြောကြားသည်။
ထိုနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲတို့တွင် သတ်မှတ်ထားသော အမှတ်ပေးစည်းမျဉ်းများအပေါ် ဆုရွေးချယ်မှုများနှင့် ပတ်သက်၍ အငြိမ်း စားဆရာ/ဆရာမများဖြစ်သည့် ဆရာမဒေါ်ခင်ကြူအေးနှင့် ဆရာဦးဉာဏ်တင်တို့မှ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပေးပွဲကျင်းပရာ အထက်တန်းဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊တတိယဆု၊ နှစ်သိမ့်ဆုများရရှိသည့် ကျောင်းသူ/ကျောင်းသား(၂၅)ဦးတို့အား တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲအတွက် ဆုငွေများလှူဒါန်းပေးသော မြို့နယ်ရဲ တပ်ဖွဲ့မှူးနှင့် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းအား ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဂုဏ်ပြု လက်မှတ်များ ပေးအပ်ခဲ့သည်။
ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ပြန်ဆက်ဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်၊ဓာတ်ပုံများအား ကြည့်ရှုကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်ဆက်)