ရိခေါ်ဒါရ်မြို့၌ ပြည်သူ့စာကြည့်တိုက်လုပ်ငန်း Online ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် လွှင့်တင်ဆောင်ရွက်
ကလေးသူငယ်များ စာအုပ်စာစောင်နှင့် မကင်းဝေးပဲ ပိုမိုရင်းနှီးကျွမ်းဝင်လာစေရေး၊ စာအုပ်စာစောင်များ ပိုမိုချစ်မြတ်နိုးတတ်လာစေရေး၊ အားလပ်ရက်အချိန်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း Online ဝန်ဆောင်မှု လုပ်ငန်းများကို ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ Facebook Page မှတစ်ဆင့် အရှိန်အဟုန်မြှင့် လွှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။