ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် စတင်ဖွဲ့စည်း

ဒဂုံတောင် ဇွန် ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေးအတွက် သမဝါယမအသင်းများ ဖွဲ့စည်းခြင်း၊ စည်းရုံးပညာပေးခြင်း၊ တည့်မတ်ပြုပြင်ပေးခြင်းတို့ကို သမဝါယမအသင်းဥပဒေ၊ ည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်  အမှတ်() စိုက်ပျိုးမွေးမြုရေးရပ်ကွက်တွင် အသင်းတည်နေရာထားရှိပြီး စိတ်တူကိုယ်တူ အသင်းသား (၄၃)ဦး စုစည်း၍ မတည်ရင်းနှီးငွေကျပ် နှစ်သိန်းတစ်သောင်းငါးထောင်ဖြင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်ကို ယနေ့နံနက်(၁၀:၀၀)နာရီက အမှတ်(၁)စိုက်ပျိုးမွေးမြုရေးရပ်ကွက်ရှိ ဘက်စုံသုံးခန်းမတွင်စတင်ဖွဲ့စည်းသည်။

ရှေးဦးစွာ မြို့နယ်အဆင့်ဖွဲ့စည်းရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သမဝါယမအသင်း ဖွဲ့စည်းရန် အတည်ပြုချက် ရယူပေးခြင်း၊  အသင်းစည်းကမ်းများအား အတည်ပြုကြောင်း ကြေညာပေးခြင်း၊ အမှုဆောင်အဖွဲ့ ရွေးချယ်မှုအား အတည်ပြုချက်များ ရယူပေးခြင်း၊ အမှုဆောင်အဖွဲ့ တာဝန်ခွဲဝေသတ်မှတ်ပေးခြင်းနှင့် အမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ်ပေးကြောင်း သိရသည်။

ထို့နောက် စတင်ဖွဲ့စည်းခဲ့သော အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌမှ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကို အသင်းသူအသင်းသားများအား ပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများအား ပြန်လည်ဆွေးနွေးပေးခဲ့သည်။

ထိုသို့ သမယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းအားဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အခွင့်အလမ်းကောင်းများရရှိခြင်း၊ စုပေါင်းအားကြောင့် အင်အားတစ်ရပ်ဖြစ်ပေါ်ပြီး အသင်း၏ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ခြင်းကြောင့် အသင်းမှရရှိသော အကျိုးအမြတ်များကို အသင်းသား ပြည်သူများက ရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မင်းဟန်(ဒဂုံတောင်)