ရွှေကူမြို့တွင် ကိုယ်လက်လှုပ်ရှား အားကစား Physical Fitiness Dance အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းဆောင်ရွက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများ ကိုယ်ကာယကျန်းမာ ကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ရိုက်ကူးတင်ဆက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။