မိုင်းရယ် ဇွန် ၂၇
မိုင်းရယ်မြို့နယ်အတွင်း သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်ရေးအတွက် မိုင်းရယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးများအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းကစတင်၍ ဆောင်ရွက်လျက်ရှိသည်။
သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့မဈေးကော်မတီတို့နှင့် ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးကြီးအတွင်းရှိ ရေလှောင်ကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်