စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ကုလားပဲများလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ဖောင်းပြင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်သွန်နီစသော အမယ် (၅) မျိုးကို လှူဒါန်းပေးခဲ့ရာ မော်လိုက်ခရိုင်၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီ အချိန်က ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာ သာသနာ့ရက္ခိတ ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ စသောအမယ် (၅) မျိုးအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။

ကဝမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သမဝါယမအသင်းစု၏ ၂၀၁၉-၂၀၂၀/၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို သမဝါယမအသင်းစုရုံးခမ်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ မိုင်းယန်း ဒီဇင်ဘာ ၁၈ ခွန်ရဲထွေး

ကဝမြို့နယ် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင် ရေးအသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ဖလေးကျေးရွာနှင့် မိုးဂနိမ်းကျေးရွာများ အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ကဖလေးကျေးရွာနှင့် မိုးဂနိမ်းကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အုတ်ဖိုမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

အုတ်ဖိုမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ အုတ်ဖို ဒီဇင်ဘာ ၁၈ အောင်သူ
Subscribe to