နောင်တရားမြို့၌ Bookclub အဖွဲ့ဝင်များက သုတ၊ ရသ ဆွေးနွေးဖလှယ်

နောင်တရား ဇွန် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ Bookclub အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် သုတ၊ ရသ အမြင်ခြင်းဖလှယ်သည့် စာဖတ်ဝိုင်းပြုလုပ်သည်။

Bookclub အဖွဲ့ဝင်ဦးဆန်းက စာရေးဆရာနိုက်ရေသားထားသည့် အတွေးချိုချို ဘဝချိုချိုစာအုပ်မှ ကိုယ်နဲ့အဆင်မပြေတိုင်းအကြောင်းကို ဆွေးနွေးပြီး အဆိုပါဝတ္ထုတိုလေးမှ မိမိခံစားရသည့် ရသအကြောင်းအရာများကိုလည်းကောင်း၊ ခွန်အောင်ဟန်ထွန်းက မိုးည ခေါင်းစဉ်ဖြင့် မိမိခံစားရသည် သုတ၊ ရသ အကြောင်းများလည်းကောင်း ဆွေးနွေးကြသည်။ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Bookclub အဖွဲ့ဝင်များက စာအုပ်စာစောင်များမှ သုတအသိပညာနှင့် ရသခံစားချက်များကို အပြန်အလှန်ဆွေးနွေးကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကိုလည်း ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)