မြစ်ကြီးနား ဇွန် ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြစ်ကြီးနားတက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ (၃) ယောက်တွဲ ပိုက်ကျော်ခြင်း တတိယနေရာအတွက် မြစ်ကြီးနားတက္ကသိုလ် အရှေ့တိုင်းပညာ ဘာသာရပ်အသင်းနှင့် ဓာတုဗေဒအသင်းတို့ ယှဉ်ပြိုင်ကြရာ အရှေ့တိုင်းပညာ ဘာသာရပ်အသင်းက အနိုင်ရရှိခဲ့ပြီး ရူပဗေဒဘာသာရပ် အသင်းနှင့် ပထဝီဝင်ဘာသာရပ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပထဝီဝင်အသင်းမှ ဒုတိယ၊ ရူပဗေဒအသင်းမှ ပထမ အသီးသီး ရရှိခဲ့ကြသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးသန်းဌေးကိုနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် အသင်းများနှင့် ထူးချွန်အားကစားသမားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် (၂၄)ရက်မှ (၂၇)ရက်နေ့အထိ မြစ်ကြီးနားတက္ကသိုလ်မှ ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း (၃)ယောက်တွဲ ပြိုင်ပွဲဝင်အသင်း (၈)သင်း၊ ကစားသမား (၄၀)ဦးတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အခမ်းအနားသို့ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းနှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ များ၊ ကျောင်းသား/ သူများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဒုတိယပြည်နယ်မှူး ဦးသန်းဌေးကိုနှင့် တာဝန်ရှိသူများ အင်အား (၁၅၀)ဦးခန့် တက်ရောက်အားပေးခဲ့ကြသည်။
ယော်ဆောင်(ပြန်/ဆက်)