ညောင်ဦး ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းမကြီးဘေး နဘူးတောကျေးရွာအနီးရှိ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်း ပျိုးပင်ပေးအပ်ပွဲနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက် ၇ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်ပျိုးပွဲတော်တွင် ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဌာနဆိုင်ရာများသို့ အရိပ်ရသစ်ပင်များဖြစ်သည့် ယင်းမာ၊ တမာ၊ သပြေဘူတ၊ မယ်ဇယ်၊ ခရေပင်များအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးမင်းနိုင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး)တို့မှ စိုက်ပျိုးမည့် သစ်ပင်များအားပေးအပ်ကာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော်တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်စိုက်ပျိုးကြကြောင်း သိရသည်။
ကိုကြေးမုံ