မင်းလှမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် နေဗီမြက်မျိုးများ ပေးအပ်ခြင်း ပြုလုပ်

မင်းလှ ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ် ချုပ်ရေးအဖွဲ့များ တွေဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က သီးနှံစိုက်ပျိုးမှု အခြေအနေများ၊ မြို့သန့်ရှင်းလှပစေရန်အတွက် ဌာနဆိုင်ရာများ သစ်ပင်များစိုက်ပျိုးကြရန်၊ ကျောင်းနှင့်‌ကျောင်းပတ်ဝန်းကျင်၌ သစ်ပင်များစိုက်ပျိုးကြရန်၊ ကိုဗစ်ရောဂါကာကွယ်‌ဆေး ရာနူန်းပြည့် ဆေးထိုးနှံရေးကိစ္စရပ်များ၊ ဒေသကြက်များမွေးမြူနိုင်ရေး၊ တို့ကိုမှာကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြလိုသောအချက် အလက်များကိုပွင့်ပွင့်လင်းလင်း တင်ပြကြရန်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနိုင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးရွာများအတွင်း ကျွဲ / နွား၊ သိုး၊ ဆိတ်နှင့် ကြက်၊ ဘဲ၊ ဝက်တို့ကို ကျွေးနိုင်သော တိရစ္ဆာန်အစာပင်(နေဗီယာမြက်) စိုက်ပျိုးနိုင်ရန် နေဗီယာမြက်မျိုးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)