မိတ္ထီလာ ဇွန် ၂၇
မိတ္ထီလာခရိုင်အမျိုးသမီးကော်မတီ၏ (၁/၂ဝ၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီအချိန်က ပေါက်ချောင်းရပ်ကွက်ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ဆက်လက်၍ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ လမ်းညွှန်ချက်များနှင့်ခရိုင်အမျိုးသမီးကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းမူကြမ်းတို့အား ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသန်းဌေးက ရှင်းလင်းတင်ပြသည်။ထိုနောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်အမျိုးသမီးကော်မတီဝင်များက ခရိုင်အမျိုးသမီး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ ခရိုင်အမျိုးသမီးကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များဖြစ်သည့် အဖွဲ့ဝင်တချို့ပြောင်းလဲမှုရှိ၍ ခရိုင်နှင့်မြို့နယ် အမျိုးသမီး ကော်မတီအား ပြင်ဆင်ဖွဲ့စည်းရန်၊ ခရိုင်အမျိုးသမီးကော်မတီအား အခါအားလျော်စွာ ပြုလုပ်သွားရန် ၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများအနေ့ အကြိုဟောပြောပွဲများ ကျင်းပ သွားရန် ၊ ခရိုင်နှင့် မြို့နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ဒေသအတွင်း အမျိုးသမီးများ ပါဝင်ဆောင်ရွက်ရေး စည်းရုံးဆောင်ရွက်သွားရန် ၊ ခရိုင်အမျိုးသမီးကော်မတီ၏လုပ်ငန်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရန်၊ ဌာနဆိုင်ရာများအနေဖြင့် သင်တန်းများဖွင့်လှစ် ပါက ခရိုင်အမျိုးသမီးကော်မတီသို့ ဖိတ်ကြားစေရေးဆောင်ရွက်ရန်၊ ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသားလူငယ်များအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရေး ပညာပေးဟောပြောသွားရန်တို့ကို ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူးက ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အမျိုးသမီးကော်မတီ၏ အဓိကလုပ်ငန်းဖြစ်သည့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုမရှိစေရေးနှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကော်မတီဝင်အားလုံးက ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ