မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သော စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သော စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးနှင့် တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေး TalkShow ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ ပညာရေးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပညာရေးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနံက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ပေါက်တောမြို့ရှိ အထက(မြို့မ) စုပေါင်းခန်းမတွင် ကျင်းပသည်။

မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ(၂၃၈)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၁ နာရီက မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ရာသီပေါ်အစားအစာ တောင်ပို့မှိုများ ဈေးကောင်းရရှိသဖြင့် မှိုရှာဖွေရောင်းချသည့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဟင်းအဖြစ်ကြော်စား၊ ချက်စား၍ရသော ရာသီပေါ်အစားအစာ တောင်ပို့မှိုများ ဈေးကောင်းရရှိသဖြင့် မှိုရှာဖွေရောင်းချသည့် တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍  မူးယစ်ဆေးဝါးအန္တရာယ်  အသိပညာပေး (Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရမည်းသင်းမြို့နယ်ရှိ ကျောင်းသား/သူများအား ယာဉ်အန္တရာယ်ကင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အမှတ်(၉၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ရမည်းသင်းခရိုင်) နှင့်အခြခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ယမန်နေ့နံနက်(၁၀)နာရီက ကျောင်းသား/သူများအား ယာဉ်အန္တရာယ်ကင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ရွှေဒါးအခြေခံပညာအထက်တန်းကျောင်း သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to