ကျိုက်လတ်မြို့နယ်၌ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်(Omiငron) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်ချက်များလိုက်လံနိုးဆော်
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးဆက်ပြန့်ပွား မှုလျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omiငron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်း ပါဝင်နိုင်ရေး အသိပညာပေးနိုးဆော်ခြင်းများ ကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဝန်ထမ်းများ မှ ယနေ့ နံနက်(၁၀)နာရီ က မြို့မဈေးကြီး နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကြေညာခဲ့ကြကြောင်း သိရသည်။