ရမည်းသင်း ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အမှတ်(၉၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ရမည်းသင်းခရိုင်) နှင့်အခြခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက ကျောင်းသား/သူများအား ယာဉ်အန္တရာယ်ကင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ရွှေဒါးအခြေခံပညာအထက်တန်းကျောင်း သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ရမည်းသင်းခရိုင်)၊ ဒုရဲမှူး ကျော်မိုးလှိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပတ်သက်၍ အသိပညာပေးဟောပြောပြီး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအန္တရာယ်ကို ဗီဒီယိုကလစ်ဖြင့် ရှင်းလင်းပြသပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုညွန့်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ရွှေဒါးအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်အုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)