ဒိုက်ဦး ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပညာရေးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနံက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေယံကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နော်ခရီစဲလ်ဒါက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်မည့် အဆောက်အဦ တင်ဒါအောင်ကုမ္ပဏီများနှင့် ဆောက်လုပ်မည့် ဆောက်လုပ်ရေးလုပ်ငန်းများ အကြောင်းကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်မည့် ကုန်ထုတ်လမ်း၊ ရေရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပညာရေးဌာနမှ တင်ဒါအောင်ကုမ္ပဏီများနှင့် မိတ်ဆက်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တင်ဒါအောင် ကုမ္ပဏီများနှင့် အသီးသီးမိတ်ဆက်ကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၁) ဗိုလ်မှူး သက်နောင်ဦးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆောက်လုပ်ရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)