ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးနေ့ ဗိုလ်လုပွဲယှဉ်ပြိုင်မှုနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းသားများ၊ အုပ်ချုပ်သူများနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဘော်လီဘောဝါသနာရှင်များ တက်ရောက်ကြသည်။