ကလေးဝ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီက ဖြန့်ဝေခဲ့သည်။
ကလေးဝမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကားဂိတ်၊ စက်လှေဆိပ်၊ လမ်းဘေးဈေးဆိုင်များနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ ၂ ရပ်၊ နည်းဗျူဟာ ၃ ရပ်၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကဗျာများပါဝင်ကြောင်း သိရသည်။
သက်ဟန် (ကလေးဝ)