မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သော စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

မိုင်းလုံ ဇွန် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သော စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၁၅၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲကို လူငယ်နှင့်မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် လည်းကောင်း ပန်းချီပြိုင်ပွဲကို ကောင်းကျိုးမပေး မူးယစ်ဆေးခေါင်းစဉ်တို့ဖြင့် ယှဉ်ပြိုင်ကြပြီး ကဗျာပြိုင်ပွဲကို မိမိတို့စိတ်ကြိုက်ကဗျာများဖြင့် ယှဉ်ပြိုင်ခွင့်ပေးထားကြောင်း သိရသည်။

ယခုလို ပြိုင်ပွဲများပြုလုပ်ပေးရခြင်းသည်‌ ကျောင်းသား/ကျောင်းသူများ၏ စာအရေးအသားများ ကောင်းမွန်စေရန်၊ မိမိသိလို့သည့်အချက်အလက်များကို စာအုပ်များတွင်ရှာဖွေရေးမှတ်သည့် အလေ့အကျင့်ဖြစ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင်လည်း စိတ်ပါစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်း ဖြစ်‌‌ကြောင်း မိုင်းလုံမြို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစံ‌လောင်ထံက သိရသည်။

ဇော်ဇော်(ပြန်/ဆက်)