ကွတ်ခိုင်မြို့နယ်တွင် (၁၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာဓမ္မာနုဂ္ဂဟ စာမေး/စာပြန်ပွဲတော် ဆုနှင်းသဘင်အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း (၁၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာဓမ္မာနုဂ္ဂဟ စာမေး/စာပြန်ပွဲတော် ဆုနှင်းသဘင်အခမ်းအနား ပြုလုပ်ခြင်းကို ဇွန်လ ၂၅ ရက်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၅)ရက်ကွက်၊ ကေဝလမာရ်အောင်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။