လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

လှိုင်းဘွဲ     ဇွန်   ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေး TalkShow ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေးရောဂါများကို ပြည်သူများသိရှိနိုင်စေရန်နှင့်ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ်-၁ ဦးခွန်စံငွေအောင်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ခြင်း၊ မိုးရာသီတွင် သွေးလွန်တုပ်ရောဖြစ်ပွားမှု၊ ကလေးငယ်များအား သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ဂရုစိုက်ရ မည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သွေးလန့်လက္ခဏာများ၊ တုပ်ကွေးအမျိုးအစားများ၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု/သေဆုံးနိုင်မှု အခြေအနေ၊ သွေးလွန် တုပ်ကွေးကို ဖြစ်စေသော ခြင်ကျား သဘာဝ၊ ဖြစ်ပွားချိန်တွင် ရှောင်ကြည်ရမည့်အချက်များ၊ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာ ဖြစ်ပေါ်လာပါက အမြန်ဆုံး ကျန်းမာရေးဌာနသို့ လာရောက်ကုသကြရန် စသည့်အကြောင်းအရာများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)