ဘီးလင်း ဇွန် ၂၈
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) နွေးပွဲပြုလုပ်ခြင်းနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ရှိုင်းလင်းထက်က မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲမိရသည့်အကြောင်းအရင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့်ရရှိစေမည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါး အန္တရာယ်တာဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ထူးနောင် ဘီးလင်း (ပြန်ဆက်)