နမ္မတူ ဇွန် ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဟင်းအဖြစ်ကြော်စား၊ ချက်စား၍ရသော ရာသီပေါ်အစားအစာ တောင်ပို့မှိုများ ဈေးကောင်းရရှိသဖြင့် မှိုရှာဖွေရောင်းချသည့် တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ တောင်ပို့မှိုများသည် နှစ်စဉ်မိုးရာသီကာလအတွင်း တောင်ယာခြံများနှင့် တောတွင်းရှိ တောင်ပို့များအနီးတွင် ပေါက်ရောက်လျက်ရှိသောကြောင့် မှိုရှာဖွေသည့် တောင်သူများအနေဖြင့် အဆိုပါနေရာများတွင် မှိုများရှာဖွေတူးယူရရှိကြောင်း မှိုတစ်ကျင်းလျှင် အနည်းဆုံး (၅၀)ကျပ်သားမှ အများဆုံး (၅)ပိဿာခန့်အထိ တူးယူရရှိလျက်ရှိပြီး ယခုနှစ်တွင် တောင်ပို့မှို တစ်ပိဿာလျှင် ငွေကျပ် (၁၅၀၀၀)ကျပ်ခန့် ရောင်းချရသဖြင့် မှိုရှာဖွေရောင်းချသည့်တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း မှိုရှာဖွေသည့်တောင်သူတစ်ဦထံက သိရသည်။
လူမော် (ပြန်/ဆက်)