နမ္မတူမြို့နယ်တွင် မြို့မဈေးနှင့် ယာယီပျံကျဈေးအား ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြု

ရှမ်ပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု သိသိသာသာ လျော့နည်းလာပြီဖြစ်ပြီး၊ ဈေးရောင်းချသူများအားလုံးနီးပါး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်တဲ့အတွက် နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေးအား ဒီဇင်ဘာလ (၂၁) ရက်နေ့မှစတင်ကာ ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အား မြေစိုက်နံရံကပ်ပြဘုတ်ဖြင့် ပြသဆောင်ရွက်

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် မြေစိုက်နံရံကပ်ပြ ဘုတ်​ဖြင့် ယနေ့ နံနက် ၁၀ နာရီ က ပြည်သူများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင် စက်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်အစိုးရနည်းပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ဖွင့်လှစ်သောအသက်​မွေးကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင် စက်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။ 

ဘိုကလေးမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံကြရန် အသံချဲ့စက်ဖြင့် နှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် (၁၁)နာရီ၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ရဟန်းရှင်လူ မိဘပြည်သူအပေါင်းတို့ ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံစေရေးအတွက် မြို့နယ်အတွင်း၌ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ဆောင်ရွက်ခဲ့သည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်း အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခ ရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆင်ပေါင်ဝဲမြို့နယ်ပြန်/ ဆက်ဦးစီး ဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မကြီးပင်ပု ကျေးရွာအတွင်း Hand Speakerဖြင့် လှည့်လည်နှိုး ဆော်ခဲ့ကြသည်။

မင်းလှမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ဆီးချိုသွေးချိုနှင့်သွေးတိုး ရောဂါစစ်ဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံး၌ မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများကို မကူးစက်ရောဂါများဖြစ်သည့် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါစစ် ဆေးကုသ ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများသည် ယမန်‌နေ့က မြန်အောင်မြို့နယ် ဇလုပ်ကြီးကျေးရွာအုပ်စုနှင့် သဲဖြူ‌ကျေးရွာအုပ်စုတို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ကွင်း ဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့ အခြေခံပညာကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိ အခမဲ့သွားရောက်စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်တားဆီးနိုင်ရန်အတွက် ဆီဆိုင်မြို့၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိ (RDT)Tesk Kit  ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအားကစားပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအား ကစားပြိုင်ပွဲ များကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to