ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒဂုံမြို့နယ်တွင် ဆက်လက်ထိုးနှံ
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ရွှေပြည်ပါကျန်းမာရေးဝန်ထမ်း ၁၄ ဦးတို့က ယနေ့နံနက် ၈:၃၀ နာရီ အချိန်ကစ၍ ရွှေတိဂုံစေတီတော်နှင့် အိမ်တော်ရာ စေတီတော်ဝင်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အဖွဲ့နှစ်ဖွဲ့ခွဲ၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။