(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဘော်လုံးပစ်ပြိုင်ပွဲ ကျင်းပပြုလုပ်

ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး စီးဌာန စုကလိမြို့ မှအလယ်တန်းအဆင့် ကလေးငယ်များအား ဘော်လုံးပစ်ပြိုင်ပွဲအား ယနေ့ နံနက် ၁၀ နာရီအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ကိုဗစ်-၁၉ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်ပေးခဲ့သည်။

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းဆင့် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို မူလတန်းဆင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၃)နာရီက ကျင်းပခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်သော အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်သော အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်  ( ၁၁:၀၀ )နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။ 

အင်္ဂပူမြို့ ၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေးနံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  Community Centre ခန်းမတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အကြို အားကစား ပြိုင်ပွဲများကို ယမန်နေ့က ရေဖြူမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to