တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းတွင်လာအိုနိုင်ငံမှ နေရပ်ပြန်ရွှေ့ပြောင်းမြန်မာအလုပ်သမား (၂၁၁) ဦးကို မြန်မာတာဝန်ရှိသူများ လက်ခံ

တာချီလိတ် ဇွန် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား အမျိုးသမီးစုစုပေါင်း (၂၁၁)ဦးကို မြန်မာတာဝန်ရှိသူများက ယမန်နေ့က လက်ခံခဲ့ကြသည်။

အဆိုပါနေရပ်ပြန်များကို လာအိုနိုင်ငံ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ( ၂)ကြိမ်ထိုးပြီးသူ(၁၆၆)ဦးအား ကျန်းမာရေးဝန်ထမ်းများက Taskit ဖြင့် စစ်ဆေးခဲ့ရာတွင် ရောဂါပိုးကူးစက်မှုမရှိကြောင်း သိရှိရသဖြင့် မိမိနေရပ်သို့ မော်တော်ယာဉ်ဖြင့်နေ့ချင်း ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးလက်မှတ်မရှိသူ (၄၅) ဦးကို စံလင်းဖြိုး Quarantine Center တွင်(၃)ရက် ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီးမှာသာ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ရွေ့ပြောင်းမြန်မာအလုပ်သမားများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)