ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ထုတ်ပေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ  မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင် ကြီးကြပ်၍  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇွန် ၂၆ ရက် နံနက် ၉ နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် (၄)မိုင်ရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်ကြမည့် သမဝါယမ အသင်းသားများအား ပြည်ထောင်စုဝန်ကြီးမှ သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ဇွန်လ ၂၆ ရက်နေ့နေ့လယ်(၂)နာရီအချိန်က ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာရှိ ရေဘုတ်ဆည်ရေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်ကြသော အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားများအား သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို သမ္ဘာန်ကျေးရွာမြို့နယ်စိုက်ပျိုးရေးအသိပညာစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် စက်မှုလယ်ဦးစီဌာနမှ ကောက်စိုက်စက်ဖြင့် ပျိုးထောင်စိုက်ပျိုးပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပန်းတင်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၊ တောင်သူဦးဝင်းဦး၏ ဦးပိုင် ၁၄/၁၊ ကွင်းအမှတ် (၈၁၄)တွင် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် ယမန်နေ့က စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့တွင် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ယမန်‌နေ့နံနက်ပိုင်းက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့်တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခံခဲ့ရသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

ဘားအံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများ၊ မိဘပြည်သူများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ သို့ စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်၊ သံဃာ့နာယကဥက္ကဋ္ဌဆရာတော်မှ မြို့နယ်အားကစားမှူးအား ဂုဏ်ပြုချီးမြှင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရွာမရပ်ကွက်၊ သုံးထပ်ဘုန်းတော်ကြီးကျောင်း၊ ငါးမာရ်အောင်ဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်မှ မြို့နယ်အားကစားမှူးအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။

မြိတ်မြို့တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အနာဂတ်တိုင်းပြည်၏ သားကောင်းသမီးကောင်းရတနာ ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲများကို စာသင်ကျောင်းများ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ  ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးနှင့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် စည်ကားသိုက်မြိုက်စွာ  ကျင်းပ

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထား သိရှိနားလည် နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ် အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၈)နာရီခွဲက  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးဝန်းအတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့၌ ခရိုင်အမျိုးသမီး​ကော်မတီ အစည်းအ​ဝေးကျင်းပ

ကရင်ပြည်နယ်၊​ ကော့ကရိတ်ခရိုင် အမျိုးသမီး​ကော်မတီအစည်းအ​ဝေးကို ယ​မန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနခန်းမ၌ ကျင်းပ​ကြောင်း သိရသည်။
Subscribe to