လှိုင်းဘွဲမြို့နယ်အတွင်း ကြံသီးနှံများ ခုတ်လဲခြင်းနှင့် ကြံပျိုးပင်အသစ် ပြန်လည် စိုက်ပျိုးလျက်ရှိ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွှေဂွန်းတိုက်နယ်အုပ်စု၊ တကူဆိပ်ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေး သည့် K 95/84 ကြံမျိုးအား ခုတ်လဲ၍ ကြံသကာချက် လုပ်ခြင်းနှင့် ကြံပျိုးပင်အသစ် ပြန်လည် စိုက်ပျိုးနေကြသည်ကို တွေ့ရှိရသည်။

တံတားမြို့၌ ကိုဗစ်−၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အတွင်း ကိုဗစ်−၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယမန်နေ့နံနက် (၈)နာရီ အချိန်က ရပ်ကွက်များအတွင်း သွားရောက်၍ (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် ပုံဆွဲဆေးရောင်ချယ် ပြိုင်ပွဲ ကျင်းပ၍ ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာအစီအစဉ် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ပုံဆွဲဆေးရောင်ချယ် ပြိုင်ပွဲကို ယမန်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုင်းခုတ်မြို့၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။    

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ အောင်သစ် ရေးသားသည့် အနာဂတ်လူငယ်နှင့် အခွင့်အလမ်း စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်

ပြည်သူများစာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးဆရာအောင်သစ် ရေးသားသည့် အနာဂတ် လူငယ်နှင့်အခွင့်အလမ်းစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်) ဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများအား ပြသထားရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ အသိပညာပေး မြေစိုက်နံရံ ကပ်ဘုတ်တွင် ပြည်သူများအား အသိပညာဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြုစာစောင်များနှင့် ဓာတ်ပုံများကို လစဉ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ(၁)နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်ထားရှိလျက်ရှိသည်။

မိုင်းခတ်မြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊‌ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားကြောင်းသိရသည်။

(၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြိုအထိမ်းအမှတ် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံး၊ ပြိုင်ပွဲများကျင်ပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်​နေ့တွင် ကျရောက်မည့်(၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်စာစီစာကုံးပြိုင်ပွဲများကို ကျောင်းသား၊ ​ကျောင်းသူများ လွတ်လပ်​ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်​စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာ စွမ်းရည်များ တိုးတက်လာ​စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ​ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာ​စေရန်အတွက် ရည်ရွယ်ကာ ယနေ့၊ နံနက်(၉)နာရီ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်ပပြုလုပ်ခဲ့​ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူကြိုကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ဖွံဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကလေးစာ ဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ (၉၁၁၉) ဦးရှိ​ပြီးဖြစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to