မိုင်းဆတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းဆတ် ဇွန် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာလုပ်ငန်း သင်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်က အမျိုးသမီးများ၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေတို့ကိုလည်းကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)မိုင်းဆတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးလှဘုန်းက လူကုန်ကူးမှုနှင့်ပတ်သက်သည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများကို ဟောပြောကာ “ပုခက်လွှဲခွင့်မရသောလက်” ဖြစ်ရပ်မှန် ဇာတ်လမ်းအား သင်တန်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ပြသခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)