သီပေါ ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် မဲခေါင်-လန်ချန်းစီမံကိန်းဖြင့်စိုက်ပျိုးမည့် မက္ကဒေးမီးယားပျိုးပင်များ ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်၊စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် နှစ်ရှည်သီးနှံပင်ဖြစ်သည့် မက္ကဒေးမီးယားစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက မက္ကဒေးမီးယား ပျိုးပင်များပေးအပ်ရသည့် ရည်ရွယ်ချက်နှင့် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မက္ကဒေးမီးယားပျိုးပင်များကို ပြည်နယ်ဦးစီးမှူးဦးချိုနိုင်ထွန်း၊ ဒုတိယပြည်နယ် ဦးစီးမှူးဦးမောင်မောင်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်း၊ ခရိုင်ဦးစီးမှူး ဦးဝင်းထင်စိုးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမင်းဦးတို့က မက္ကဒေးမီးယားစိုက်ပျိုးမည့် တောင်သူများအား မက္ကဒေးမီးယားပျိုးပင်(၁၅၀၀)ပင်ကို အသီးသီးပေးအပ်ခဲ့ပြီးနောက် တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)