တကောင်း ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ဇွန်လ ၂၆ ရက်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာသန်းစော (စီပီအေ) ရေးသားသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်သီရိအောင်က ကျောင်း သား၊ လူငယ်များအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်စေရန်၊ မိမိတို့ လေ့လာဖတ်ရှုထားသည့် စာအုပ်၊ စာပေများကို ပြန်လည်ဆွေးနွေးတက်သည့်အလေ့အကျင့်များ ရရှိစေရန်၊ အချိန် ကိုကောင်းစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်ပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးတင်ဝင်းနှင့် ဦးကျော်ကျော်တို့က စာရေးဆရာသန်းစော (စီပီအေ) ရေးသားသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်းပါးဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အားလပ်ချိန်များတွင် အချိန်ကိုကောင်းစွာအသုံးချတက်စေရန်၊ ကာယ၊ ဉာဏအားများဖွံ့ဖြိုး တိုးတက်စေရန်၊ အခမ်းအနားများသို့ တက်ရောက်သည့် အလေ့အကျင့်များဖြစ်ပေါ်စေရန်အတွက် လစဉ် စာဖတ်ဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
သီရိအောင်(တကောင်း)