ဒေးဒရဲ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ် လျက်ရှိသော အမှတ်(၃)ရပ်ကွက်၊ မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်များ၏ သင်ယူလေ့လာ နိုင်စွမ်းနှင့် ကာယ၊ ဉာဏ ဖွံဖြိုးတိုးတက်စေရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ (၁)နာရီက မိဘ အုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွင်းရေးမှူး ဒေါ်သင်းသင်းမွန်က ကလေးများ ကျောင်းနေပျော်၍ ကာယ၊ ဉာဏ ဖွံဖြိုးတိုးတက်ရေးအတွက် မိဘများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် မိုးရာသီကာလ အဖြစ်များ လျက်ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပြီး၊ မိဘအုပ်ထိန်းသူများက သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှု ရှိစေရေး၊ လိုအပ်ချက်များကို တင်ပြရာ အသင်းတာဝန်ရှိသူ ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုများနှင့် တင်ပြချက် များကို ဖြည့်ဆည်းပေးနိုင်ရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း