သနပ်ပင်မြို့နယ်၌ ကျိုက်ပဒိုင်ရေလွှဲပေါက်အတွင်း ငါးမျိုးစိုက်ထည့်

သနပ်ပင် ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့်  ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း ကျိုက်ပဒိုင် ရေလွှဲ‌ပေါက်အတွင်းသို့ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးစားသုံးမှုဖူလုံစေရေးတို့အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် နာရီအချိန်က ကျိုက်ပဒိုင်လေးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ပဲခူးခရိုင်ငါးလုပ်ငန်း‌ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးစခန်း တာဝန်ခံ ဒေါ်စန်းစန်းဦးနှင့်ဝန်ထမ်းများ မြို့နယ်ငါးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများက နှစ်လက်မအရွယ် ငါးမြစ်ချင်းအကောင်ရေ(၁၅၀၀၀၀)၊ ငါးခုံးမကြီး အကောင်ရေ(၁၃၀၀၀၀)၊ ရွှေဝါရောင်ငါးကြင်းအကောင်ရေ(၁၀၀၀၀၀)၊ စုစုပေါင်း ငါးသား‌ပေါက်ကောင်ရေ (၃၈၀၀၀၀)သိန်းအား ကျိုက်ပဒိုင်ရေလွှဲပေါက်အတွင်းသို့ ငါးမျိုး စိုက်ထည့်ခဲ့ကြောင်း သိရသည်။

လှမိုး