သာကေတ ဇွန် ၂၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် Phase-12 (Sinopharm) ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ဆေးထိုးနှံရန်အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူစာရင်း(၈၉၀၆)ဦးရှိရာ (၈၂၈၅)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်းသိရှိရသည်။
သာကေတမြို့နယ်၌ ကျောင်းအခြေပြုအသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် Phase-12 (Sinopharm)အား ဆက်လက်ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီမှ မွန်းလွဲ(၁၄)နာရီအထိ (Y.R.S)ပုဂ္ဂလိကပညာရေးကျောင်း၊ (ဓမ္မသိဒ္ဓိ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ (မှန်ကင်း)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကာကွယ်ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူ (၁၀၈၅)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ/ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ/ မရှိ၊ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း(၄၆)ကျောင်း၊ အလယ်တန်း(၆)ကျောင်း၊ အထက်တန်း(၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၈)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂) နှစ်မှ(၁၈)နှစ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်သည်။
ဆောင်းနှင်းဖြူ (ပြန်ဆက်)