ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

နမ့်ဆန် ဇွန် ၂

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေဖီဦးခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲသူနာပြုတပ်ဖွဲ့တို့သည် မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးခင်မောင်က ကြက်ခြေနီအကြောင်းသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး ဒုတပ်ခွဲမှူး ဦးသိန်းကျော်က ပေါက်ကွဲစေသောပစ္စည်းများအကြောင်းကို အကျယ်တဝင့် ရှင်းပြပြီး ဘေးအန္တရာယ်ထိခိုက်မှု အသိပညာပေးဗီနိုင်းများ၊ နံရံကပ်ပိုစတာများ ရှင်းလင်းဟောပြောဆွေးနွေးခြင်း များကိုပြုလုပ်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများကို လက်ကမ်းစာစောင်၊ ပုံပြကာတွန်းစာအုပ်များဖြန့် ဝေခြင်း ၊မေးခွန်းများမေးမြန်းခြင်း ဖြေဆိုနိုင်သူများအား  အမှတ်တရလက်ဆောင်များပေးအပ်ခြင်း ကျောင်းအတွက် လက်သန့်ဆေးရည်(၅)ဘူး၊ နှာခေါင်းစည်း(၂၀၀)ခုကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)