ပခုက္ကူခရိုင်အဆင့် စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

ပခုက္ကူ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ပထမဦးစွာ ပခုက္ကူခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင် စီမံကိန်းဦးစီးမှူး ဦးထင်ကျော်က ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် မိမိတို့ ရုံးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်း အရည်အသွေးများနှင့် ပြည့်မီကိုက်ညီရေးနှင့် အချိန်မီပြီးစီးနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများအလိုက် အနီးကပ် ကြီးကြပ်ကြရန်နှင့် တည်ဆောက်ရေးကော်မတီများအား စစ်ဆေး ကြပ်မတ်ရန် လိုအပ်ကြောင်း ရှင်းလင်း မှာကြားသည်။

ကိုဇော် (ဓာတု)