ဒိုက်ဦး ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတ ပေါကြွယ်ဝရေး၊ ငါးစားသုံးမှုဖူလုံစေရေးအတွက် ငါးမျိုးစိုက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က နတ်ကင်း ကျေးရွာ၊ ဦးပွတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်နောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေယံကျော်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးစိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက နှစ်လက်မအရွယ် ငါးခုံးမကြီး အကောင်ရေ (၁.၅) သိန်းအား နတ်ကင်းကျေးရွာရှိ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)