တနင်္သာရီ ဒီဇင်ဘာလ၂၉
၂၀၂၂ခုနှစ် (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အားကစားခန်းမအ တွင်း ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ(၁)ရက်နေ့ နံနက်(၈)နာရီအချိန်မှစ၍ အလွတ်တန်း အမျိုးသားဖူဆယ်ဘောလုံးအသင်း (၅)သင်းတို့က ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအသင်း၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံအသင်း ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းနှင့် မီးသတ်ဦးစီးဌာနအသင်း၊ ပညာရေးဌာနအသင်း စသည့် အသင်း(၅)သင်းတို့က ဇန်နဝါရီလ(၁)ရက်မှ (၃)ရက် နေ့အထိပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများအား (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ခြင်း အခမ်းအနားအပြီးတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ ဆုနှင့် အမှတ်တရလက်ဆောင်များကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့ နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။
ထိန်ဝင်း(ပြန်ဆက်)