ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်တွင် ရေအဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်    ဒီဇင်ဘာ   ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်တွင် ဒေသနေပြည်သူများ သောက်သုံးရေဖူလုံစေရန်ရည်ရွယ်၍ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် အဝီစိတွင်းတူဖော်ခြင်းလုပ်ငန်းကို  ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်မနှင့်ပြည်နယ်များအကြား ဟန်ချက်ညီညီတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသများရှိ တိုင်းရင်းသားပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ပြီး ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရ ခွင့်ပြု ရန်ပုံငွေကျပ်(၂၇.၅၂၂) သန်းဖြင့် အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ရေဂါလန်(၅၀၀၀)ဆန့် အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းကို ဧရာမန္တလာကုမ္ပဏီမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ်၍ တာဝန်ယူဆောက် လုပ်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးပါက ဒေသနေပြည်သူများအတွက် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)