ညောင်လေးပင် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီ၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို ဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ ကြောင်း သိရသည်။
ပထမဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ဆေးရုံရပ် အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဒုလယ်ပြဆရာမ ဒေါ်အိဖြူချိုက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သတ်ပြီး ဟောပြောခဲ့သည်။ ထို့နောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲအဖြစ် ခွက်နင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲနှက့် အားကစားပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူဦးရေ ၃၀ ကျော် တက်ရောက်ခဲ့ပြီး အားကစားပြိုင်ပွဲ၌ ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရ သည်။
မြို့နယ်ပြန်/ဆက်