ကလေးဝ ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စစ်တုရင် ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စားပွဲတင်တင်းနစ်ပြိုင်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင် က အဖွင့်အမှာစကားပြောကြား၍ စစ်တုရင် ပြိုင်ပွဲကိုအုပ်စုများခွဲ၍ ကျင်းပခဲ့သည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)