သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲပြုလုပ်

သာစည် ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သင်းသင်းက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား/ သူများက  လွတ်လပ်ရေးနေ့နှင့် လူငယ်တာဝန် ခေါင်းစဉ်ဖြင့် စာစီစာကုံးကို ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင်  သာစည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ ၄ ဦး၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား/သူ ၇ ဦး၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသူ ၂ ဦးနှင့် သာစည်မြို့ အမှတ်(၂)ရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မီးရထားမှ ကျောင်းသား/သူ ၅ ဦး  စုစုပေါင်း ကျောင်းသား/ သူ ၁၈ ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး  ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား  လွတ်လပ်ရေးနေ့အခမ်းအနားတွင်    ဆုများ ချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ ကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လာရောက်ကြည့်ရှုအားပေးပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့‌ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)