မိုးကောင်းမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ဖြန့်ဝေ

မိုးကောင်း      ဒီဇင်ဘာ        ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ၂၀၂၂ ဇန်နဝါရီ လ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အထက(၁) ကျောင်း၊ အထက(၂)ကျောင်းနှင့်၊ အမက-အရှေ့ရပ်ကျောင်းတို့၌ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် တွင် စောင်ရေ (၂၅၆)စောင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေးကာလတစ် လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ အလယ်ပစ္စယံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြား ခဲ့သော မိန့်ခွန်းကောက်နုတ်ချက်များ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ တို့များ ဆင်မြန်းလွတ်လပ်ပန်း ကဗျာ၊ကာတွန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် ကမ္ဘာတည်သရွေ့စောင့်ရှောက် ခေါင်းစဉ်ပါ ဆောင်းပါးတို့ကို ဖော်ပြထားကြောင်းသိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)