သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ (အိုမီခရွမ်) omicrom မျိုးရိုးဗီဇပြောင်းရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

သုံးခွ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွမ် (omicrom) မျိုးရိုးဗီဇပြောင်း ရောဂါကြို တင်ကာကွယ်ရေးအသိ ပညာပေး နှိုးဆော်ခြင်းကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ၀န်ထမ်းများက ယမန်နေ့နံနက်၉နာရီအချိန်က မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိ‌လိုက်နာ ဆောင်ရွက်စေရန် လက်ကိုင်(Hand speaker)ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာ‌ပေး လိုက်လံနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှုများ မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် (အိုမီခရွမ်) မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများ အားလုံးကိုယ်စီ မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအား ထိုးနှံကြရန်၊ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ (face Shield) ကို တွဲဖက်တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည် ရောဂါဝေဒနာရှင်များရှိရာ နေအိမ်များသို့ ၀င်ထွက်သွားလာခြင်း ဂရုပြုရန်၊ လေ၀င်လေထွက် မကောင်းသော အခန်းများသို့ သွားလာခြင်းမှ ရှောင်ရှားရန်၊ လက်ကို ဆပ်ပြာနှင့်စက္ကန့် ၂၀ကြာအောင် မကြာခဏ စနစ်တကျဆေးကြောရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမ၀ယ်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်၊ သုံးခွမြို့နယ်တွင် ကိုဗစ်ရောဂါ လျော့နည်းကျဆင်း ပပျောက်လာသည်ဖြစ်သည့်အတွက် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထား‌သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများ ဆက်လက်လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် စဉ်ဆက်မပျက် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ မိမိဌာန အစီအစဉ်ဖြစ်သော် လည်းကောင်း အပတ်စဉ် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း