အောင်လံ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communtty Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉နာရီ က ပြုလုပ်ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်း က ကျောင်းသား/သူများ စာကြည့်တိုက်နှင့် ရင်းနှီးစေရန် စာပေဖတ်ရှု့သည့်အလေ့အထကောင်းများ ဖြစ်ပေါ်စေရန် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီအသင်း ဒု-ဥက္ကဋ္ဌ ဦးခင်မောင်တင် က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များအား ပြိုင်ပွဲဝင်သူများသိရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆုများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်