ဝါးခယ်မ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ (၁၂)နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြား၍ သံကြိုးတိုင်တိုးချဲ့ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ဝါဝါမိုးက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တဝင့်ပြောကြားခဲ့ရာ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ မှတ်သားခဲ့ကြကြောင်း သိရသည်။ ယင်းနောက် စာအုပ်/စာစောင်ပြပွဲများ ဆက်လက်ကျင်းပခဲ့ပြီး တက်ရောက်လာသူများအား မုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
စောသန္တာဦး