ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ ဒီဇင်ဘာ ၃၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ကရင်သက္ကရာဇ် ၂၇၆၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် “ကရင်နှစ်သစ်ကူးနေ့” အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း ဘားအံမြို့နယ် ဥက္ကဋ္ဌ ဆရာမ ဒေါ်ဆုလာဘ်နွယ်က ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအကြောင်း ဆွေးနွေးပြောကြားပြီးနောက် ဘားအံမြို့နယ် စာရေးဆရာအသင်း အဖွဲ့ဝင် စောခေါင်စူး (ခလောက်နို့)က ကရင်အမျိုးသားအလံအကြောင်း၊ အလံတွင်ပါဝင်သည့် အရောင်များ၏ အဓိပ္ပါယ်များကို အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)