မိုင်းဖြတ်၌ မြို့နယ်ပညာရေးဝန်ထမ်း (GEC) ငွေစုငွေ ချေးသမဝါယမအသင်း လီမီတက်၏ ‎၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးပြုလုပ်

မိုင်းဖြတ် ​ဒီဇင်ဘာ ၂၉

ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်ပညာရေးဝန်ထမ်း (GEC) ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲချိန်က မြို့နယ်အခြေခံပညာ အထက်တန်း(မိုင်းဖြတ်)ကျောင်းရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးဝန်ထမ်း(GEC) ငွေစုငွေချေးသမဝါယမ အသင်းလီမီတက်အသင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်က အသင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေး၊ အသင်းပိုင်းလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရေး နှင့် စပ်လျဉ်း၍  အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူက အသင်း၏ လုပ်ငန်းများ လည်ပတ်နေမှုခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အသင်း၏ အဖွဲ့ဝင် ဦးဖြိုးကိုကိုထွန်း က   ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အမှုဆောင် အဖွဲ့၏အစီရင်ခံစာ၊ အမြတ်ခွဲဝေမှုစာရင်းနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို ရှင်းလင်းဖတ်ကြားခဲ့သည်။ ဆက်လက်၍ ဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာ စကားပြောကြားခဲ့သည်။

မြို့နယ်ပညာရေးဝန်ထမ်း (GEC) ငွေစုငွေချေးသမဝါယမ အသင်းလီမီတက်ကို ၁၉၉၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင်  ဖွဲ့စည်းခဲ့ရာ အသင်းသားဦးရေး(၁၂၅)ဦးရှိဖြင့် အသင်း၏ လုပ်ငန်းကိုလည်ပတ်ခဲ့ရာ   ယခုအခါအသင်းသားဦးရေမှာ (၂၆၀)ဦးရှိကြောင်း သိရသည်။ 

 

​​​မြို့နယ် (ပြန်/ဆက်)