သာစည် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြုပြုဗဟိုဌာန(Community Centre) ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပြုလုပ်ကြောင်း သိရသည်။
ပြပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သော မိန့်ခွန်းကောက်နုတ်ချက်များ၊ လူထုအခြေပြုဗဟိုဌာန၌ လွတ်လပ်ရေးနေ့ အကြိုပြုလုပ်သော ဟောပြောပွဲ၊ ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများနှင့် online မှ တဆင့် အသိပညာပေး Talk Show ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် သုတရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/ သူများက ကြည့်ရှုလေ့လာပြီး သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သင်းသင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်