ငဖဲ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများ အရောက်အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ မွန်လွဲ ၂ နာရီက ဆူးပဒေါင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နေအိမ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို အခမဲ့ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒု-လ၀ကမှူးဦးမျိုးမင်းကျော်က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအခမဲ့ပြုလုပ်ဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စနစ်တကျ ထိန်းသိမ်း၍ကိုင်တွယ် အသုံးပြုရန် အချက်များကို အသိပညာပေးပြောကြားသည်။
ထို့နောက် ဒု-လ၀ကမှူးဦးမျိုးမင်းကျော်နှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ ၆(က) (၄)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး အသစ်လဲလှယ်သူ (၂၁)ဦးနှင့် မိတ္တူပြုလုပ်သူ (၂)ဦးစုစုပေါင်းပြည်သူ (၂၇)ဦးတို့အား အထောက်အထားများ စိစစ်ကာပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့် ကျန်ရှိသည့်ကျေးရွာများ အရောက် ဆက်လက်၍ ကွင်းဆင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မယု(ငဖဲ)